ပြန်လည်တမ်းတမိသော သဘာ၀အလှတရားများ

ကျနော် သိရသလောက် ဆိုရင် လူမှာ ပြောင်းလဲမှုကို ကြိုက်တဲ့သူ မကြိုက်တဲ့သူဆိုပြီး နှစ်မျိုးရှိတယ် ပြောင်းလဲမှုကို နှစ်သက်တာ မှားလားမှန်လား ကျနော်မသိပါဘူး ပြောင်းလဲမှုကို လုံးဝမနှစ်သက်တဲ့သူကိုလဲ မှားတယ်မှန်တယ်ပြောလို့မရပါဘူး ဘာလို့လဲဆိုတော့ အရာအားလုံးမှာ ဘယ်တော့မှ အမှန်တရားဆိုတာ မရှိပါဘူး ဖြစ်ပျက်လာတဲ့ အရာတွေအပေါ် ဘယ်လိုကြည့်လဲ ဘယ်လိုမြင်လဲ ဆိုတာ အပေါ်မှာ မူတည်ပြီး အမှားအမှန်ကွဲပြားသွားကျတာလို့ထင်ပါတယ်….
အခု ၂၀၂၀ မှာ လူတွေက ဟိုးအရင် ခေတ်တွေကထက်စာရင် ပိုပြီးတိုးတက်လာတယ် တစ်နေရာမှတစ်နေရာကို သွားလာရတာပိုလွယ်ကူလာတယ် အစားအသောက်တွေ အမည်စုံအောင် ပိုလုပ်လာနိုင်တယ် ပစ္စည်းတွေကို သယ်ယူရတာ ထုပ်ပိုးရတာ ပိုကောင်းလာတယ် တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ရတာ ပိုလွယ်ကူလာတယ်။ အဲ့ဒါတွေကတော့ ကောင်းတဲ့အချက်တွေပေါ့
မကောင်းတဲ့အချက်တွေကိုပြောရမယ်ဆိုရင် လူတွေတိုးတက်လာတာနဲ့အမျှ ကမ္ဘာကြီးကပူနွေးလာတယ် အိုဇုန်းလွှာ ကအရင်ကလို အကောင်းတိုင်းမရှိတော့ဘူး တစ်စထက်တစ်စ ပျက်ဆီးလာတယ် ရောဂါတွေလဲပိုထူထပ်လာတယ် နာမည်မကြားဘူးတဲ့ ဗိုင်းရက်စ်တွေ၊ မမြင်ဘူးတဲ့ သေခြင်းတရားတွေနဲ့ ရင်ဆိုင်လာရတယ် ပင်လယ်ထဲမှာလဲ လူတွေ စွန့်ပစ်လိုက်တဲ့ အမှိုက်တွေက တန်ပေါင်းသန်းချီပြီရောက်နေပြီ ထားပါတော့ အကောင်းနဲ့ အဆိုးကတော့ ဒီလိုပဲ အမြဲ ဒွန်တွဲနေတာကို လက်ခံထားပါတယ်။
တစ်နေ့က ကျနော် မှော်ဘီ နဲ့ လှည်းကူး ဖက်ကို အလည်သွားဖြစ်တဲ့အချိန်မှာ လွန်ခဲ့သော ၅နှစ်က ကျနော် မြင်ဖူးတဲ့ အခြေအနေတွေနဲ့ အခုအခြေအနေတွေ တော်တော်ကွာခြားသွားတာ မြင်လိုက်ရတာ တော်တော်အံ့ဩသွားတယ် စိတ်ထဲမှာ ကြည်နူးမိမှုလဲ ဖြစ်မိသလို ဝ◌မ်းနည်းမှုလဲဖြစ်မိပါတယ်
ကြည်နူးမှု ဖြစ်ပေါ်ရတဲ့အကြောင်းက အရင်ကဆို လမ်းပန်းဆက်သွယ်ရေးအတွက် မြင်းလှည်းတွေသုံး ပြီးသွားရတာတွေက အခုဆို ကားကြီးကားငယ်တွေနဲ့ ဆိုင်ကယ်တွေဆိုတာလဲ ရွှေမန်းလေး လား အောက်မေ့ရအောင် အများကြီး ‌‌ဝေါကနဲ ‌ဝေါကနဲ နဲ့ တိုးတက်နေပုံမြင်ရတာ အရမ်းဝမ်းသာကြည်နူးမိပါတယ် ပြီးတော့ တစ်ဖတ်ကမ်းကို ကူးဖို့ ကူးတိုဆိပ်က သဗ္ဗာန်လေးနဲ့ အသက်အန္တာရယ်ကြားထဲက ကူးနေရတာကနေ အခုဆို တံတားကြီးတွေရှိနေပြီဆိုတော့ ခရီးသွားတွေ ပိုပြီးလုံခြုံလာတာကို ပီတိဖြစ်မိပါတယ်။ အရင်က မြေနီလမ်းလေး နဲ့ ဘေးဖက်တွေမှာ သစ်ပင်ပန်းပင် ပေါင်းများစွာကြားကနေ လမ်းလျှောက်ရတာကနေ အခုဆို ကတ္တရာလမ်းနဲ့ ကွန်ကရစ် လမ်းတွေ အပေါ်မှာ အချိန်ကုန်သက်သာစွာ အသုံးပြုနိုင်ပြီဆိုတော့ ကြည်နူးမှုပေါင်း မြောက်များစွာ ရပ်တန့်၍မရအောင် ဖြစ်ရပါတယ်။
တစ်ခုလိုချင်ရင် တစ်ခုတော့ပေးဆပ်ရတယ်ဆိုတဲ့ စကားကအရမ်းမှန်ပါတယ် ယခုလို တိုးတက်လာဖို့ စတေးလိုက်ရတာတွေရှိခဲ့ပါတယ် ဥပမာ- သဘာဝအလှတရားတွေ ၊ ဘေးတစ်ဖတ်စီမှာ စိမ်းလန်းစိုပြေတဲ့ သစ်ပင်တွေ ရှိတဲ့ မြေနီလမ်းလေးတွေ နဲ့ ခလောက်သံ တညံညံကြားနေရတဲ့ အလွန်လှပတဲ့ မြင်းလှည်းကြီးတွေပေါ့။ ကျနော်ကတော့ အရင်လို မြင်းလှည်းစီးပြီး တစ်ဖတ်စီမှာ သစ်ပင်တွေ တန်းစီပေါက်နေတဲ့ မြေနီလမ်းလေးကို ပြန်လည်တမ်းတရင်း ပြောင်းလဲမှု ကြားမှာ ကျနော်မတ်မောခဲ့တဲ့ အရာလေးတွေ စနစ်တကျမရှိတော့ပဲ ပျောက်ကွယ်သွားတာကို ဝမ်းနည်းစွာ မျက်ရည်ဝဲလျက် တိုးတက်မှုကိုအားပေးတဲ့ လက်ခုပ်တီးနေခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *