Camping သွားရင် လိုအပ်မည့် အဓိက ပစ္စည်း (၉)မျိုး

ကျတော်တို့တွေ Campingခရီးတွေထွက်တဲ့အခါ တချို့တွေက camping မှာညအိပ်ကြရမယ်ဆိုပြီး အဝတ်အစားတွေတပုံကြီးယူလာတာမျိုး၊ မလိုအပ်ဘဲ အစားအသောက်တွေတပုံတပင်ကြီးယူလာတာမျိုးတွေ ၊ တကယ့်အရေးကြီးတယ့် Water Bottle တွေ ကျန်ခဲ့တာမျိုး စတဲ့မဖြစ်သင့်တဲ့အမှားတွေ မလိုအပ်တဲ့အပိုပစ္စည်းတွေကြောင့် Camping အရသာကို အပြည့်အဝမခံစားရဘဲ ခရီးစဉ်ပြီးဆုံးသွားတာ ကျတော်တို့ ပတ်ဝန်းကျင်မှာ ခဏခဏကြားဖူးကြမှာပါ။ ဒီလိုမျိုးတွေမဖြစ်အောင်ဆိုရင်တော့ မသွားခင်မှာ သေချာစီစဉ်ဖို့လိုပါတယ်။အရင် Camping သွားဖူးတဲ့သူတွေဆီကနေအတွေ့အကြုံတွေမေးပြီး ဘာတွေကိုတော့ ယူသွားဖို့အရေးကြီးတယ်၊ ဘယ်ဟာတွေကတော့ မလိုအပ်ဘူး စတာတွေကို မေးမြန်းဖို့လိုပါတယ်။ ဒီခေတ်မှာတော့ Travel Blogger တွေ Review ရေးတာတော်တော်ကိုခေတ်စားလာပါတယ်။ဒါ့အပြင် ခရီးသွားပစ္စည်းရောင်းတဲ့ဆိုင်တွေလည်းပေါများလာပြီဖြစ်ပါတယ်။ ဒါကြောင့်မို့ သင့်အနေနဲ့ ဘယ်ခရီးသွားချင်လဲ ဘာတွေယူသွားဖို့လိုလဲ သိချင်ရင် Social Media တခုတည်းကနေတောင် သင့်အနေနဲ့ အချက်အလက်တွေ အတော်များများရနိုင်ပါတယ်။ သင့်အနေနဲ့ ခရီးသွားနယ်ပယ်က လူဆိုရင်တော့ အချိန်ကုန်မခံပဲ ခေါင်းရှုပ်စရာမလိုပဲ စီစဉ်နိုင်ပါတယ် အဲ့ဒါမှမဟုတ်ရင်တော့ ဒီလို Camping Trekking သွားမယ်ဆို သင်အနေနဲ့ ဘာပစ္စည်းတွေလိုအပ်လဲဆိုတာ အချိန်ယူပြီးစဉ်းစားဖို့လိုလာပါပြီ။ ဒါကြောင့်လည်း အတွေ့အကြုံရှိပြီးသား လူတွေဆီက အတွေ့အကြုံယူဖို့ ပြောရခြင်းဖြစ်ပါတယ်။ မနက်ဖြန်အတွက် ဒီနေ့ပြင်ဆင်ပြီးထွက်လို့မရဘူးလားဆိုတော့ ရပါတယ် ဒီနေ့ညသွားချင်ရင် အဲ့နေ့မနက်တင် ပြင်ဆင်တာတွေ ဝယ်တာခြမ်းတာတွေလုပ်လို့ရပါတယ်။ ဒါပေမယ့် ဘာဝယ်ရမှန်းမသိဘဲ ဘယ်လိုဝယ်ကြမလဲ ဝယ်ရမှာတွေသိရင်တောင် Tent လိုတယ် Tent တလုံးပေးပါအမ sleeping bag လိုတယ် sleeping bag တလုံးပေးပါအမ ဆိုပြီးသွားဝယ်ရင်တော့ သင်ဟာ ရှိသမျှ outdoor gears ဆိုင်တွေရဲ့ မလိမ့်တပတ်လုပ်ချင်းကို ကျိန်းသေခံရမှာဖြစ်ပါတယ်။ဒီလိုတွေ မဖြစ်အောင်၊camping အရသာကို အပြည့်အဝခံစားရအောင် အောက်ပါအချက်တွေကိုတော့ မရှိမဖြစ်သိဖို့လိုပါတယ်။
ပထမတချက်ကတော့ camping မှာဘာတွေလိုမလဲ
ဒုတိယအချက် Camping တခုကို အပြည့်အဝခံစားနိုင်ဖို့ဘာတွေလုပ်ရမလဲ
ဆိုတဲ့ အချက် ၂ ချက်ဘဲဖြစ်ပါတယ်။
ပထမအချက်ဖြစ်တဲ့ camping သွားဖို့လိုအပ်တဲ့ပစ္စည်းတွေကတော့ အောက်ပါအတိုင်းဘဲဖြစ်ပါတယ်။
1–Tent
Camping သွားဖို့ လိုအပ်ချက်-၁ အနေနဲ့ကတော့ Tent ဘဲဖြစ်ပါတယ်။ Tent မလိုဘူး Camping မီးပုံဘေးမှာဘဲ အိပ်ကြမယ်ဆိုပြီးတွေးထားရင်တော့ သင်ဟာ ညဘက် အင်းဆက်တွေနဲ့နပန်းလုံးနေရတာနဲ့ မနက်ခင်း Camping ရဲ့ Highlight တခုဖြစ်တဲ့ နေထွက်ချိန်မှာ ၈လသားလေးပမာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေမှာဖြစ်ပါတယ်။ Tent ဘာလို့ယူသွားသင့်လဲဆိုတဲ့အကြောင်းရင်းကတော့ ညဘက်အိပ်တဲ့အခါမှာ insect တွေဒဏ်က ဝေးစေမှာဖြစ်တယ်။ insect တွေအပြင် တခြားတောကောင်တွေဒဏ်ကဝေးမယ်၊ ကိုယ့်အတွက်နေရာတခုရမယ်။ ဒါ့အပြင်သင့်ကိုယ်တိုင်လည်း နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။ ဒါမှလည်း မနက်မိုးလင်းတဲ့အခါ နေထွက်ချိန်အလှတရားကို အပြည့်အဝခံစားနိုင်မှာဖြစ်ပါတယ်။ Tent ရွေးချယ်တဲ့နေရာမှာလည်းတယောက်အိပ် ၂ယောက်အိပ် ၃ယောက်အိပ် ၊ Camping တဲ၊ High attitute( တောင်အမြင့်မှာအိပ်ဖို့) 3 seasons တဲ စသည်ဖြင့်အမျိုးမျိုးရွေးချယ်နိုင်ပါတယ် ။ကိုယ်နဲ့အတူအိပ်မဲ့ လူအရေအတွက်ပေါ်မူတည်ပြီးရွေးချယ်နိုင်ပါတယ်။

2 Sleeping bag
Tent ပါနေပေမယ့် sleeping bagကတော့မပါမဖြစ်ယူသွားရမယ့်အထဲမှာပါပါတယ်။ပူတဲ့ဒေသတွေမှာတောင် နေ့နဲ့ည အပူချိန်ကွာခြားချက်ရှိတဲ့အတွက် ညဘက်တွေဆို အေးလာတတ်ပါတယ်။sleeping bag မှာလည်း degree အလိုက်ရွေးချယ်နိုင်ပါတယ်။ကိုယ်သွားမယ့်နေရာရဲ့အပူချိန်နဲ့ ဒေသအနေအထားကိုကြည့်ပြီး ယူသွားရမှာဖြစ်ပါတယ်။

3 Hammock
ဒါကတော့တကယ်လို့ သင့်အနေနဲ့တယောက်တည်းခရီးထွက်တာမျိုး ဒါ့အပြင်သင်သွားမယ့်နေရာမှာ သစ်ပင်ကြီးတွေရှိနေရင်တော့ Tent အစား hammock ကိုယူသွားနိုင်ပါတယ်။Hammock မှာလည်းခြင်ထောင်ပါတဲ့ဟာ၊ ခြင်ထောင်မပါတာ စတဲ့ ရွေးချယ်စရာတွေကို ကိုယ်သွားမယ့်နေရာနဲ့ ချိန်ပြီး ရွေးချယ်နိုင်ပါတယ်။
4 Knife
အရေးကြီးဆုံးအရာတွေထဲကတခုဘဲဖြစ်ပါတယ်။ မီးမွှေးတဲ့နေရာမှာ၊ တောထဲလမ်းလျောက်တဲ့နေရာမှာ တော်တော်များများမှာ အသုံးဝင်ပါတယ်။ တကယ်လို့သင်ဟာ ဓားကိုအိမ်မှာ ထားခဲ့မယ်ဆိုရင်တော့ တကယ့်နောင်တရစရာတခုကို ကြုံရမှာပါ။ Camping အတွက်ဓားရွေးချယ်တဲ့နေရာမှာလည်း အရမ်းအရေးကြီးပါတယ်။ ခရီးတခုထဲအတွက်မဟုတ်တဲ့အတွက် ဓားကောင်းကောင်းတလတ်ကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။

5 Cooking gears
ချက်ပြုတ်တဲ့နေရာမှာ သုံးဖို့အတွက်လိုအပ်တဲ့ ပစ္စည်းတွေကိုလည်းယူဆောင်သွားရပါမယ်။
6 Headlamp
ညဘက်မှာ အလင်းရောင်ရဖို့ မီးပုံကလာတဲ့မီးနဲ့အဆင်ပြေပေမယ့် ဟိုနားဒီနားသွားတာမျိုး အပေါ့အပါးသွားချင်တာမျိုး ပစ္စည်းတွေဘာတွေပျောက်တာမျိုး ရှာဖို့အတွက်ကတော့ Headlampတခုကတော့လိုအပ်တာသေချာပါတယ်။လက်ကနေကိုင်စရာမလိုတဲ့အတွက် သုံးရတာလည်း လွယ်ကူ အဆင်ပြေစေမှာဖြစ်ပါတယ်။

7 Backpack
ပစ္စည်းတွေထည့်ဖို့ အဝတ်အစားနဲ့တခြားလိုတာတွေအတွက် Backpack တစ်အိတ် ကောင်းကောင်းလည်း လိုပါတယ်။ ၂ညအိပ်ဆို ဘယ်Litre လောက်ကိုသုံးရမလဲ တညတည်းဆိုရင် ဘယ်လောက် Litre ဘဲသုံးရမယ် စသည်ဖြင့် အမျိုးမျိုးရွေးချယ်စရာတွေလည်းရှိနေပါသေးတယ်။ဒါ့အပြင် Osprey, Naturehike , Lowe Alpine စသည်ဖြင့် Brand အမျိုးမျိုးလည်းရှိသေးတဲ့အတွက် ကိုယ်သွားမယ့်ခရီးနဲ့အဆင်ပြေမယ့် အိတ်ကိုရွေးချယ်နိုင်ပါတယ်။ မြန်မာပြည်မှာလည်း ဒီလိုBrand တွေတော်တော်များများရနေပြီဖြစ်တဲ့ အတွက်ရွေးချယ်စရာတွေရှိလာပြီဘဲဖြစ်ပါတယ်။
8 Water
ရေကတော့မရှိမဖြစ်လိုအပ်ပါတယ်ဆိုတာ လူတိုင်းသိပေမယ့် တကယ့်တကယ့်ယူသွားတဲ့အခါမှာ ရေကိုလိုတာထက် ပိုနည်းပြီးယူသွားတတ်ပါတယ်။ကိုကတနေ့ကို ၂လီတာဘဲသောက်တယ်ဆိုပြီး ၂ရက်ခရီးအတွက် ၄လီတာ ၅ လီတာဘဲ တွက်ပြီးထည့်သွားရင်တော့ ရေမလုံလောက်တဲ့ ပြသနာနဲ့ကြုံရမှာဖြစ်ပါတယ် ။ ကျတော်တို့မှာ တခြားချက်ပြုတ်တဲ့နေရာမှာသုံးဖို့တွေ ကိုယ်သွားတဲ့နေရာ ကအပူပိုင်းဖြစ်လို့ရေပိုသောက်နေရတာတွေနဲ့ဆို ဘယ်လိုမှအဆင်ပြေမှာ မဟုတ်ပါဘူး။
9 Clothes
အဝတ်အစားရွေးချယ်တဲ့နေရာမှာလည်းပေါ့ပေါ့ပါးပါးနဲ့ အလွယ်တကူ ရေခြောက်စေတဲ့အဝတ်အစားမျိုးကိုရွေးချယ်သင့်ပါတယ်။
ဒီလောက်ဆို Camping တညအိပ်သွားဖို့အတွက်ဘာတွေအဓိကလိုလဲဆိုတာသဘောပေါက်လောက်ပြီထင်ပါတယ်။
နံပါတ် ၂အချက်ဖြစ်တဲ့ Camping ရဲ့အရသာကိုအပြည့်အဝခံစားနိုင်မှာဖြစ်ပါတယ်။ကိုယ့်မိသားစုနဲ့သော်လည်းကောင်း ကိုယ့်မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းနဲ့သော်လည်းကောင်း Camping ထွက်ပြီး ရင်းနှီးမှူတွေပိုယူမယ်၊ ကိုယ့်မိသားစုအပေါင်းအသင်းတွေအတွက်လည်း သီးသန့်နေရာလေးတခုကို ဖန်တီးရယူပြီး Camping ရဲ့ အရသာကိုအပြည့်အဝခံစားလိုက်ပါ။ ကိုယ်တယောက်တည်းဖြစ်စေ ကိုယ့်ရဲ့မိသားစုနဲ့ဖြစ်စေ ကိုယ့်ရဲ့အားလပ်ချိန်တွေမှာ Camping ထွက်ရင်း ဘဝကိုပျော်ရွှင်စွာဖြတ်သန်းကြရအောင်။

Leave a Reply

Your email address will not be published. Required fields are marked *