Outdoor ခရီးသွားမယ်ဆို safe ဖြစ်အောင်လိုက်နာရမည့် အချက်(၅)ချက်

Outdoor ခရီးသွားတဲ့အခါ သင့်အနေနဲ့မလုပ်မဖြစ်လုပ်ရမယ့်အဓိကအချက်တွေရှိနေပါတယ်။ ဒါတွေကတော့ ခရီးမှာလုံခြုံမှုရှိအောင်ဘယ်လိုပြင်ဆင်ရမလဲဆိုတာတွေဘဲ ဖြစ်ပါတယ်။အဓိကအနေနဲ့အချက် ၅ ချက်ကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျ။

1 အဆက်အသွယ်ရှိအောင်လုပ်ပါ။

သင်ဟာခရီးသွားနေရင်းနဲ့ လမ်းပျောက်နေတာမျိုး ၊ဒဏ်ရာရပြီး ခရီးဆက်မသွားနိုင်တဲဘအခြေအနေတွေမှာ သင်ဒုက္ခတွေ့နေပြီဆိုတာကို သင့်မိသားစုဝင်တဦးဦး သို့ သင့်မိတ်ဆွေအပေါင်းအသင်းထဲက သင်စိတ်ချယုံကြည်ရမဲ့သူတဦးဦးကို အရေးပေါ်ဋ္ဌာနများရဲ့ ဖုန်းနံပါတ်ကို ပေးထားခဲ့ပါ။ ကြက်ခြေနီ ၊ ရဲစခန်း၊ လူမှူကယ်ဆယ်ရေး စတဲ့ ဋ္ဌာနတွေရဲ့ဖုန်းနံပါတ်ကို ပေးထားပါ။ဒါဆို တကယ်လို့သင်ဟာ  ပြန်ရောက်ရမယ့်ချိန် မရောက်ရင် သင့်ကို ရှာဖွေဖို့အတွက် ဒီအဖွဲ့အစည်းတွေဆီ သင့်ယုံကြည်ရတဲ့ သူငယ်ချင်း or သင့်မိသားစုဝင်တဦးဦးမှ အကြောင်းကြားပေးနိုင်မှာဖြစ်ပါတယ်။

2 သင်သွားမယ့်နေရာရဲ့ရာသီဥတုကို သေချာသိအောင်လုပ်ပါ။

မြန်မာနိုင်ငံအနေနဲ့ဆို နွေရာသီလိုမျိုးမှာ ခရီးသွားရင် ရာသီဥတုမှန်းရတာ အနည်းငယ်လွယ်ပေမယ့် မိုးရာသီနဲ့ ဆောင်းရာသီတွေအတွက်ဆိုရင်တော့ အင်မတန်ခက်ခဲတာကိုတွေ့ရမှာပါ။ အကောင်းဆုံးကတော့ မိုးလေဝသ သတင်းကို သိအောင်လုပ်ပါ။ဒါ့အပြင် ပြောင်းလဲနိုင်တဲ့ရာသီဥတုပေါ် မူတည်ပြီး အဝတ်အစား၊အစားအစာတွေကို ယူဆောင်သွားပါ။

3 မိမိအခြေအနေကို သိအောင်လုပ်ပါ။

သင်ဟာ treeking သွားချင်နေတဲ့သူတယောက်ဆိုပါစို့။ဒါပေမယ့် သင့်အခြေအနေဟာ သွားမယ့် ခရီးဆုံးတဲ့အထိ trekking လုပ်ဖို့အတွက် ကြံ့ခိုင်မှူရှိမရှိ သေချာအောင်လုပ်ရပါမယ်။ ခရီးမထွက်ခင် training ယူတာမျိုးတွေ ကိုယ်ခန္ဓာကြံခိုင်အောင်လုပ်တာမျိုးတွေ လဲလုပ်ရပါမယ်။ ဒီလိုတွေပြင်ဆင်ပြီးသွားတာတောင်မှ သင်ဟာ လမ်းမှာသွားနေရင်း ခန္ဓာကိုယ်က ဆက်မသွားနိုင်တော့တာမျိုး၊ ဒဏ်ရာအနာတရ ရသွားတာမျိုးဆိုရင် သင့်အနေနဲ့ စဉ်းစားရမှာ ၂ ချက်ဘဲရှိပါတယ်။ သင်ရောက်နေတဲ့ ခရီးအကွာအဝေးကိုကြည့်ပြီး ရောက်ဖို့နီးနေပြီဆိုရင် ဆက်သွားဖို့ အဆင်ပြေမပြေဆုံးဖြတ်ရပါမယ်၊ ၊အဆင်မပြေရင်လည်း ရောက်တဲ့နေရာမှာ အချိန်ပိုယူပြီး နားလိုက်တာမျိုး လုပ်ရပါမယ်။ နောက်တချက်ကတော့ ကိုယ်သွားမဲ့ခရီး ကဝေးသေးတယ် ဆက်သွားဖို့လုံးဝမဖြစ်နိုင်တော့ဘူးဆိုရင် ငါရအောင်သွားမယ် ဘာဘဲဖြစ်ဖြစ်ဆိုပြီး မိုက်ရူးရဲဆန်တာမျိုးတွေ လုံးဝမလုပ်သင့်ပါဘူး ။အခြေအနေမကောင်းဘူးဆိုရင် နောက်ပြန်ဆုတ် ပြီးနောက်တကြိမ် ခရီးပြနိထွက်နိုင်အောင် စီစဉ်ပါ။

4 အရေးပေါ်ပစ္စည်းတွေကို လုံလောက်အောင်စီစဉ်သွားပါ။

တကယ်လို့ခရီးသွားနေရင် အပေါ်ကပြောခဲ့သလို အန္တာရယ်ဖြစ်စေနိုင်တဲ့အချက်တွေထဲက တစ်ခုခုနဲ့ ကြုံလာတဲ့အခါ သုံးနိုင်အောင် အရေးပေါ်ပစ္စည်းတွေကို သေချာပါအောင်၊ လုံလောက်အောင်ထည့်သွားပါ။

ဥပမာ- First Aid kit၊ ဓာတ်မီး၊ ဓား ၊ အသားခြောက်လိုမျိုး ခြောက်အောင်လုပ်ထားတဲ့အစားအစာ၊မီးခြစ် စတာတွေကို မပါမဖြစ်ယူသွားရပါမယ်၊၊

5  စီစဉ်ပါ။

သယ်ယူပို့ဆောင်ရေး၊အစားအသောက်ဝယ်တာခြမ်းတာ၊လိုအပ်တဲ့ Gearsဝယ်တာ အသိပေးသင့်တဲ့သူကို အသိပေးတာ၊စတာတွေလုပ်ပြီးရင်၊အပေါ်ကအချက်တွေကိုလည်း သေချာ စီစဉ်ပြီးပြီဆိုရင် သင်ဟာ ခရီးအတွက် ၈၀ ရာခိုင်နှူန်းလောက် အဆင်ပြေနေပါပြီ၊ လမ်းမှာဖြစ်လာနိုင်တဲ့ ၂၀ ရာခိုင်နှူန်းကိုတော့ အပေါ်ကပြောထားတဲ့ အချက်တွေကို ကြည့်ပြီးဖြေရှင်းကာ သင့်ရဲ့ခရီးစဉ်ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့  ဆုမွန်ကောင်းတောင်းပေးလိုက်ပ

Leave a Reply

Your email address will not be published. Required fields are marked *