Leave No Trace

သင်ဟာ သင့်ရဲ့အချိန်တွေကို outdoors မှာဘဲ သုံးစွဲချင်တယ့်သူဆိုရင် Outdoors နဲ့ပတ်သတ်တဲ့ Rules တွေကိုသိထားဖို့လည်းလိုပါတယ်။မြန်မာနိုင်ငံမှာဆိုရင်လည်း Outdoors ထွက်လို့ကောင်းတဲ့နေရာတွေအတော်များများရှိတဲ့အတွက် သင့်အနေနဲ့အားလပ်ချိန်တွေမှာ Outdoors ထွက်ဖို့အကြံပေးချင်ပါတယ်။မြန်မာနိုင်ငံမှာသစ်တော့တွေဟာ ထိန်းသိမ်းဖို့လိုအပ်နေသလို၊တောရိုင်းတရစ္ဆာန်တွေဟာလည်း ထိန်းသိမ်းဖို့အတော်လိုအပ်နေပြီဖြစ်ပါတယ်။ဒါကြောင့်သင့်အနေနဲ့ Outdoors ခရီးထွက်တဲ့သူဆိုရင် ဒီစာကနေတဆင့် သင်သွားတဲ့ပတ်ဝန်းကျင်ကို တတ်နိုင်သမျှထိန်းသိမ်းဖို့ တိုက်တွန်းပါရစေ။

Outdoors သမားတွေဆိုရင်ဒီစကားလုံးဟာရင်းနှီးနေမှာဖြစ်ပါတယ်။ဒါကတော့ Leave No Trace ဆိုတဲ့စကားဘဲဖြစ်ပါတယ်။ဒါကတော့ Outdoors ထွက်တဲ့သူတွေအနေနဲ့လိုက်နာသင့်တဲ့ အချက် 7 ချက်ပါတဲ့ စည်းကမ်းတခုလည်းဖြစ်ပါတယ်။

၁။ အစီအစဉ်ဆွဲပါ။

‌ဘယ်ခရီးမဆို မသွားခင်တော့ ပြင်ဆင်ရမှာပါဘဲ ။ ကျတော်တို့တွေခရီးမသွားခင်မှာပြင်ဖို့ဆင်ဖို့ အမြဲသတိထားရပါတယ်။တကယ်လို့သင်ဟာ နည်းနည်းပါးပါးဘဲအမှူမဲ့အမှတ်မဲ့ပြင်ဆင်ခဲ့မယ်ဆိုရင် Outdoors မှာဒုက္ခတွေ့နိုင်ပါတယ်။ လေ့လာမှူအားနည်းရင်လည်း သင့်ကို Outdoors မှာအခြေအနေဆိုးစေပါတယ်။

‌သင်သွားမ့ယ်နေရာရဲ့ အလေ့အထတွေနဲ့ အဲ့နေရာရဲ့ ထူးခြားမှူတွေကို သိထားပါ။

–ရာသီဥတုဆိုး၀ါးမှုတွေနဲ့ အရေးပေါ်အခြေအနေအတွက်ပြင်ဆင်ထားပါ

သင်သွားမယ့်ခရီးအတွက်အချိန်ဇယားကိုဆွဲထားပါ။မလိုအပ်ဘဲ တနေရာတည်းမှာအချိန်အများကြီးမသုံးပါနဲ့။

–ဖြစ်နိုင်ရင်အုပ်စုခွဲပီးသွားပါ။ လူအများကြီးပါလာရင် အုပ်စုတွေပြန်ခွဲဖို့ စဉ်းစားပါ။ (ဒါကတော့ အနောက်တိုင်း အကြိုက်ပါ)

–စွန့်ပစ်တဲ့ပမာဏသေးအောင် အစားအသောက်တွေကို ပြန်ထုပ်ပိုးပါ။

–မြေပုံနဲ့ သံလိုက်အိမ်မြောင်တွေသုံးပြီး စထွက်ချိန်တွေ ရောက်ရှိတဲ့နေရာတွေကို မှတ်သားပါ။

၂။ မြေကြီးအမာပေါ်မှာဘဲ စခန်းချပါ

သင်ဟာ ခရီးသွားရင်နဲ့ camp ထိုးဖို့နေရာရှာတဲ့အခါမှာလည်း မြေကြီးမာတဲ့နေရာမျိုးတွေကို ရွေးချယ်ပါ။ကျောက်တုံးတွေ၊ မြတ်ခြောက်တွေ တွေပေါ်မှာပါသုံးနိုင်ပါတယ်။

-Campsites တွေနဲ့ အရင်စခန်းချဖူးပြီးသားနေရာတွေကို အဓိကသုံးပါ

-ရေကန်တွေ၊စမ်းချောင်းတွေနဲ့ အနည်းဆုံး ပေ၂၀၀ လောက်ကွာပြီး စခန်းချပါ

-စခန်းကိုသေးသေးဘဲလုပ်ပါ။

-လမ်းကြောင်းရှိတဲ့နေရာကဘဲလျောက်ပါ။တကယ်လို့ ရွံ့တွေ နဲ့ စိုစွတ်နေရင်တောင် အဲ့လမ်းကိုဘဲလျောက်ပါ။

၃။ အညစ်အကြေးတွေအားလုံးကို ပြန်ရှင်းပါ။

စားသောက်ပြီးတဲ့ချိန်မှာလည်း အကုန်လုံးကိုပြန်ရှင်းပါ။အိတ်နဲ့ထုတ်သင့်တဲ့ ပစ္စည်းတွေကိုလည်း ပြန်ထုတ်ပါ။သင်စခန်းမချခင်က နေရာထက်ပိုပြီးသန့်ရှင်းအောင်ပြန်ရှင်းပါ။

တကိုယ်ရေသုံးပစ္စည်းတွေကိုလည်း ထုတ်ပိုးပါ။ သင့်ခန္ဓာကိုယ်ကိုသုံးဖို့နဲ့ ပန်းကန်တွေဆေးဖို့ရေကို အနည်းဆုံးပေ ၂၀၀ အကွာက စမ်းချောင်း (သို့) ရေကန်ကနေယူပြီးသုံးပါ။

အလေးသွားတဲ့အခါမှာလည်း ၆လက်မကနေ ၈ လက်မအထိတွင်းတူးပြီးအသုံးပြုပါ။ပြီးရင်ပြန်ဖုံးပါ။ဒါ့အပြင် စမ်းချောင်းတွေ ၊ရေကန်တွေကနေလည်းအနဲဆုံး ပေ၂၀၀ ကွာပါစေ။

၄။ မီးတောက်တွေကို  အရမ်းကြီးမတောက်ပါစေနဲ့။

မီးပုံထဲကို ထင်းတုံးအကြီးကြီးတွေ အရမ်းမထည့်ပါနဲ့။ လက်နဲ့အလွယ်တကူချိုးနိုင်တဲ့သစ်ကိုင်းခြောက်တွေဘဲအသုံးပြုပါ။မီးက သစ်တောတခုလုံးဖျက်စီးပစ်နိုင်တဲ့ အရာတွေထဲကတခုဖြစ်ပါတယ်။ ကိုယ်စခန်းချတဲ့နေရာကနေ မထွက်ခွာခင် မီးစွဲနေတဲ့ထင်းတွေကို ပြာတွေဖြစ်သွားအောင်လုပ်ပါ။ထိုပြာများ ကို ဖြန့်ကျဲခဲ့ပါ။အရေးကြီးဆုံးတချက်ကတော့ မီးခဲသေးသေးလေးတောင်မကျန်ခဲ့ပါစေနဲ့။။

၅။ သင်တွေ့တဲ့အရာတွေကို ဒီတိုင်းဘဲထားခဲ့ပါ။

သင်တော့ထဲမှာတွေ့တဲ့ အကောင်ကြီးငယ်တွေ၊သစ်ပင်ပန်းမံတွေကို သင်စတင်တွေ့စဉ်ကအတိုင်းထားခဲ့ပါ။ဓါတ်ပုံရိုက်တာကတော့အကောင်းဆုံးဖြစ်ပါတယ်။ဒါ့အပြင်ရောက်ရှိရာဒေသရဲ့ ယဉ်ကျေးမှူအမွေအနှစ်ပစ္စည်း၊ပြရုပ်၊အဲ့ဒေသရဲ့တန်ဖိုးထားတဲ့တိရစ္ဆာန်စတာတွေကို ခွင့်ပြုချက်မရှိရင် လက်နဲ့တောင်မထိမိအောင်နေပါ။ဒါ့အပြင် အဲ့နေရာကမဟုတ်တဲ့တခြားအရာဝတ္ထုတိရစ္ဆာန်တွေကို တောထဲယူသွားခြင်း ထားခဲ့ခြင်းမျိုးမလုပ်ပါနဲ့။သင့်ခြေရာကလွဲပီး တခြားဘာမှမကျန်ခဲ့ပါစေနဲ့။

၆။ တောရိုင်းတရိစ္ဆာန်တွေပေါ်မှာလည်း လေးစားမှူရှိပါ။

တိရစ္ဆာန်တွေနားကပ်သွားတာမျိုးတွေ၊သူတို့တွေနောက်ကလိုက်တာမျိုးတွေ မလုပ်ပါနဲ့

Camera သုံးတဲ့သူဆိုရင် Lens ကောင်းကောင်းသုံးပြီး အဝေးကနေဘဲ လေ့လာပါ။

တောရိုင်းတိရစ္ဆာန်တွေကို အစာမကျွေးပါနဲ့။ ဒါကသူတို့တွေရဲ့ကျန်းမာရေးကို ထိခိုက်နိုင်သလို တခြားသားရဲတိရစ္ဆာန်တွေကို ဖိတ်ခေါ်သလိုလည်းဖြစ်နေပါတယ်။

နောက်အရေးကြီးတဲ့အချက်ကတော့ တောရိုင်းတိရစ္ဆာန်တွေ မိတ်လိုက်နေတဲ့ချိန်၊ အသိုက်ဆောက်နေတဲ့ချိန်၊ သူတို့သားပေါက်လေးတွေကို သင်ပေးနေတဲ့ချိန်တွေ ဆောင်းတွင်းဘက်တွေဆို ရှောင်ကျဉ်ဖို့လိုပါတယ်။ ဒီချိန်တွေမှာ သူတို့တွေဟာ အရမ်းကိုရန်လိုတာကြောင့်လည်းဖြစ်ပါတယ်။

၇။ တခြားဧည့်သည်တွေအတွက်လည်းစဉ်းစားပါ။

သင့်ကို တခြားသူတွေကဘယ်လိုဆက်ဆံစေချင်သလဲ။အဲ့လိုဘဲတခြားသူတွေကိုလည်းဆက်ဆံပါ။ဒါကတော့ outdoors မှာသင့်အနေနဲ့ လိုက်နာရမယ့်အဓိကတချက်ဘဲဖြစ်ပါတယ်။

Outdoors မှာသင်ဘာဘဲလုပ်လုပ်တခြားသူတွေ အတွက်လည်းစဉ်းစားပေးပါ။ စခန်းချတာတွေ အမှိုက်သန့်ရှင်းရေးလုပ်တာတွေ စတာတွေကို နောက်လာမယ့် သူတွေအတွက်စဉ်းစားပြီး ပြုလုပ်ပါ။သင့်အိမ်မွေးတရိစ္ဆာန်တွေခေါ်လာရင်လည်း ထိန်းထားပါ။ဒါ့အပြင် သဘာဝကလာတဲ့အသံတွေကို အနှောက်အယှက်မဖြစ်အောင် သင့်ဆီကနေ ကျယ်လောင်တဲ့အသံတွေမထွက်ပါစေနဲ့။တောထဲမှာ ကျယ်လောင်တဲ့ speaker တွေဖွင့်တာတွေ မူးပြီးအော်ဟစ်နေတာမျိုးတွေကြောင့် တခြားသူတွေကို အနှောက်အယှက်မဖြစ်ပါစေနဲ့။ ဒါတွေကတော့ သင်outdoors မှာ လိုက်နာရမယ့် Leave No Trace ကစည်းကမ်း ၇ ချက်ဘဲဖစ်ပါတယ်။ဒီအချက် ၇ ချက်ကို လိုက်နာပြီး Outdoors မှာသင့်ရဲ့ Professional ဆန်မှူကို ပြသလိုက်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *