Back To Nature နှင့် ခရီးတစ်ခေါက်

ကျတော်ကတော့ camping သွားရတာကြိုက်တဲ့သူပီပီ အားလပ်ရက်ရတာနဲ့ ရန်ကုန်ပတ်ဝန်းကျင်နဲ့ ပဲခူး၊ပြင်ဦးလွင်စတဲ့နေရာတွေကို camping သွားလေ့ရှိတယ်။တယောက်တည်းဘဲဖြစ်ဖြစ် မိတ်ဆွေသူငယ်ချင်းနဲ့ဘဲဖြစ်ဖြစ်သွားလိုက်တာပါပဲ။
အများအားဖြင့်တော့ အဖွဲ့နဲ့ပဲသွားဖြစ်ပါတယ်။ ခရီးသွားအေဂျင်စီတွေနဲ့ချိတ်ပြီးသွားတာမျိုးပေါ့ တခါတေလေတာ့ ကိုယ်တိုင်ဘဲ တယောက်တည်း သွားတဲ့ camping တွေလည်းရှိတာပေါ့၊ ကျတော်ကတော့ဒီနေ့ camping သွားတဲ့အတွေ့အကြုံလေးကို ပြန်ပြီး ဝေမျှပေးချင်တယ်ဗျာ ။

အဲ့တာကတော့ Back To Nature Myanmar နဲ့ ဆက်သွယ်ပြီးသွားခဲ့တဲ့ Camping လေးပေါ့။ကျွန်တော်က outdoors ခရီးသွားရတာ ကြိုက်တဲ့သူဆိုတော့ ခရီးသွားရင် လိုတာလေးတွေအတွက် မြို့ထဲကို shopping ထွက်လာခဲ့တယ်။ အဲ့မှာ backpack4U ဆိုတဲ့ outdoors ဆိုင်လေးကိုသွားတွေ့တယ်ဗျာ့ ။ဆိုင်လေးကတော့ ၄၇လမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်မှာပါ။ ဆိုင်ထဲလည်းဝင်သွားရော ဝိုး(WOwww) ဆိုင်ထဲမှာ outdoors gears တွေတော်တော်စုံစုံလေးရှိတယ်ဗျ။ ဆိုင်အပြင်အဆင်လေးကတော့ မဆိုးဘူး။ဆိုင်ကလည်း ကျယ်တော့ ပစ္စည်းတွေကို ကြည့်ရတဲ့အခါမှာလည်း ကျယ်ကျယ်ဝန်းဝန်းနဲ့ လွတ်လွတ်လပ်လပ်ရှိတယ်ဗျ။ကျတော်ကတော့ ဆိုင်ရွေးမှန်သွားပြီဆိုတာ အဲ့ကတည်းက လုံးဝသိလိုက်ပါပြီ။ မြန်မာနိုင်ငံမှာ (သို့) ရန်ကုန်မြို့ကြီးမှာ ဒီလိုမျိုးဆိုင် တွေ့ရဖို့မလွယ်ဘူးဗျာ့ (တကယ်က ဝယ်ဖို့စဉ်းစားနေကတည်းက online မှာ ရှာပြီး review ကောင်းတာနဲ့သွားကြည့်တာ hehe) ပစ္စည်းတွေကလည်း လုံးဝ brand တွေဘဲဗျ။backpack တွေလည်း brand 3.4 ခုလောက်ရှိတယ် အကုန်လုံးကလဲ outdoor လောကမှာ နာမည်ကြီး Brand တွေပဲ ။တခြားoutdoors gear တော်တော်စုံစုံလင်လင်ရှိတယ်ဗျ။အကုန်လုံးက light weight လည်းဖြစ်တယ် ။camping လိုမျိုး gears တွေသယ်ပြီးသွားရတဲ့ချိန်မှာ ပေါ့ပေါ့ပါးပါးပါလေ သုံးရလွယ်လေ ကိုယ့်အတွက်အဆင်ပြေလေပဲ ဖြစ်တယ်ဗျ။ Tent တွေ sleeping bagတွေဆိုတာ outdoors သမားတွေအတွက် လိုချင်တာတွေကတော့ အကုန်လုံးနီးပါးဘဲဗျ။ (ပိုက်ဆံသာရှိရင် အကုန်ဝယ်ခဲ့တယ်)ဆိုင်ကအကိုကလည်း အတော်လေးသဘောကောင်းတယ်ဗျ(မျက်မှန်လေးနဲ့ မင်းသားဆိုဒ်)။သေချာရှင်းပြပေးတယ်။ဘယ်ပစ္စည်းကဘယ်နေရာမှာ ဘယ်လိုသုံးရင် အဆင်ပြေတယ် ဆိုပြီးရှင်းပြပေးနေတာ။ (ကိုယ်ကတော့ စဉ်းစားနေတာ ဒီလူဒီလောက်တောင် ပြောနေတာကိုယ့်ကိုဂျင်းထည့်မလို့လားပေါ့၊ နောက်မှသိတာကအဲ့အကိုက camping တွေ Trekking ၊ Hikking တွေအဲ့လို Adventure trip တွေသွားလာတာတော်တော်ကြာပြီတဲ့)ကျတော့အတွက်ကတော့အဲ့ကိုသွားတာ ဈေးဝယ်ရုံတင်မကဘူး အတွေ့အကြုံတွေ ဗဟုသုတတွေပါ အများကြီးရခဲ့တယ်။ ဘယ်ခရီးဆို ဘယ်လိုဖိနပ်လေးက ပိုကောင်းတယ်က အစသေချာရှင်းပြပေးတဲ့အကိုပါ။
ဈေးကလည်း ရှယ်ပေးရပေမယ့် ပစ္စည်းတွေက နိုင်ငံတကာမှာပေးထားတဲ့ warranty အတိုင်းပေးတာတဲ့နော် wow။
ကျတော့်အတွက်နောက်ထပ်ဝမ်းသာစရာတခုက သူတို့က adventure tour တွေပါစီစဉ်တာတဲ့၊၊ Bago Yoma တောထဲတွေ တောင်ငူဘက်ကတောထဲတွေ၊ အဲ့လို လူအရောက်နည်းတဲ့ နေရာတွေသွားကြတာတဲ့ ၊ မြန်မာပြည်မှာ ဒီလို Adventure tour လိုမျိုးကို စွန့်စွန့်စားစားလုပ်တယ် ဆိုတော့ ကျတော်တော်တော်ကိုအံ့သြသွားတာ၊ ခရီးသွားလုပ်ငန်းအများကြီးထဲမှာမှ ရှားရှားပါးပါးလို့ဆိုရမယ်၊၊ အဲ့တော့ဘယ်ရမလဲ ကျတော်လည်း အဲ့ဒီကနေ လိပ်စာကဒ်ယူလာခဲ့လိုက်တယ်။

အဲ့အပတ် weekend မှာပဲ သူတို့ဆီမှာ Bago Yoma waterfall ခရီးရှိတယ်ဆိုတာနဲ့လိုက်ဖြစ်ခဲ့တယ်။ မသွားခင် page မှာဘယ်ချိန်စထွက်မယ် ဘာတွေလိုတယ် ခရီးမှာဘာတွေရှိတယ်ဆိုတာကို လည်းကြိုပြောပေးတော့ ပစ္စည်းဘာညာကျန်မှာ မရှိတော့ဘူးပေါ့။ ကျတော်အဲ့နေ့ မနက်၅နာရီ ၁၅မိနစ် လောက် သူတို့ရုံးကိုအရောက်သွားလိုက်တယ်။ သူတို့ကအဲ့ချိန်မနက်စာ ဘာညာကျွေးဖို့တောင်အဆင်သင့်ဖြစ်နေပြီ၊ (မနေ့ညကတည်းက ညစာအတွက် ready. ဖြစ်အောင် လုပ်ထားတယ်ပြောတယ်)မနက်စာကလည်း အာဟာရဖြစ်အောင်ကျွေးတာနော် ကိတ်မုန့်တခုနဲ့ကော်ဖီဘဲ တိုက်တာမျိုးမဟုတ်ဘူး။ အဲ့မနက်စာမှာဘာတွေပါလဲဆိုတော့ ဆူရှီ၊ကြက်ဥ၊ကိတ်မုန့် ၂မျိုး၊ ကော်ဖီ(ဘလက်နှင့် 3in1 ကြိုက်တာသောက်) အတော်လေး လုံလောက်တယ်ပြောရမယ်၊ အဲ့နေ့က ဧည့်သည် ၉ယောက်လောက်ဘဲပါတယ်၊ (အဲ့ကအကိုကိုမေးကြည့်တော့ သူတို့အနေနဲ့ လူအရမ်းများရင်လည်း လက်မခံပါဘူးတဲ့ ခရီးဖြစ်တယ်ဆိုရုံ၊ transporation ခတွေ guide ခတွေ လောက်ရရင်တောင်ခရီးကိုစီစဉ်တယ်ကြားတယ်)စီး ပွားရေးဆိုတာထက် တကယ်ဝါသနာပါလို့ လုပ်ကြတဲ့သူတွေပါ။ အချိန်ကလဲ တိတိကျကျနဲ့ ခရီးထွက်တာနော် ကျနော်ကတော့ အဲ့လို အချိန်တိကျတာ အရမ်းသဘောကျတာပဲ၊ ပို့ပေးမယ့်ကားကလည်း အန်စာတုံးဆိုတော့ သက်တောင့်သက်သာရှိတယ်ဗျ။ မသိရင် မိသားစုခရီးထွက်နေရသလိုပါဘဲ၊၊ တခုထူးခြားတာက တခြား Tour တွေလိုမျိုး ဘယ်နေရာရောက်နေပါပြီ ဘယ်ရောက်ရင်ဘာတွေလုပ်ရမယ်ဆိုပြီး ရှင်းပြမနေဘူးဗျ၊၊ မသွားခင်အကုန်ရှင်းပြထားတယ် ကားပေါ်ရောက်ရင် တရေးတမောအိပ်တဲ့သူကအိပ် ၊ အဖွဲ့လိုက်လာတဲ့သူတွေကစကားတွေပြော ၊ ကျတော်ကတယောက်တည်းဆိုပေမယ့် ဘေးက Foreigner တယောက်နဲ့စကားစမြည်း‌ ပြောရင်း လမ်းမှာစကားပြောပြီးသွားကြတယ်။ သူလည်းတယောက်တည်းလာတာဆိုတော့ ၂ ယောက်သား စကားတွေ ပြောလာလိုက်တာ ၇၆ မိုင် rest camp ရောက်တဲ့ထိဆိုပါတော့ (Foreignerမလေးနော် ဘုရားလည်းဖူး လိပ်ဥလည်း တူးဆိုသလိုပေါ့) ၃နာရီလောက်မောင်းပီးတော့ ရောက်ပါပြီလှေဆိပ်ကို လှေဆိပ်ဆိုပေမယ့် အရမ်းကြီးသစ်သားတွေဘာတွေနဲ့သေချာလုပ်ထားတာမျိုးတော့မဟုတ်ဘူးဗျ (လှေပေါမတက်ခင် adventure အရသာလေးတောင်ရသေး) ၊လှေပေါ်ကိုတက်ပြီးတာနဲ့တခါတည်း life jacket တွေဝေပေးပြီးဝတ်ခိုင်းပါတယ်၊၊

မဝတ်တတ်ရင်လည်း အေးဆေးပါ ပါလာတဲ့ guide လေးတွေက သေချာစနစ်တကျဝတ်ပေးပါတယ်။ ကျတော်ထင်ထားတာကတော့ လှေစီးရမယ့် Feeling က ရန်ကုန်မှာလို ဟိုဘက်ကမ်း ဒီဘက်ကမ်းကူးရတယ့် feeling နဲ့အတူတူဘဲထင်ထားတာ လုံးဝကိုလွဲတာပါဘဲ။ ဘာလို့ဆို ဘေး၂ဖက်မှာကသစ်ပင်ကြီးသစ်ပင်ငယ်တွေနဲ့ တောင်တန်းတွေ ၊အဲ့ထဲက မော်တာနဲ့မောင်းနေတဲ့စက်လှေလေး artificial အသံဆိုလို့ စက်လှေသံဘဲရှိ ဘယ်လောက်တောင် ကြည်နူးဖို့ကောင်းတဲ့ feeling လေးလဲဆိုတာ စဉ်စားကြည့်လိုက်တော့ဗျာ့၊ ပြီးတော့နေအရမ်းမပူသေးတဲ့အတွက် လှေစီးတဲ့ချိန် ယူလို့ကောင်းချက်ဆိုတာ မျက်နှာကို ဖြတ်တိုက်သွားတဲ့လေအေးလေးတွေ၊ မြို့ပြထဲမှာလို မဟုတ်ဘဲ လတ်ဆတ်ပြီးရှုရှိုက်လို့ မဝနိုင်တဲ့ လေထု၊ အတွေးပေါင်းစုံဖြန့်ကျက်နိုင်တဲ့နေရာတခုကို ပိုင်ဆိုင်ရလိုက်သလိုပါဘဲ။ ဘေးပတ်ဝန်းကျင်ကသဘာဝအလှကို ခံစားနိုင်သလို ဓာတ်ပုံမှတ်တမ်းလည်း ယူနိုင်ပါတယ်(ဒါကတော့ အရေးကြီးဆုံးပေါ့ ကျတော်ကတော့ စက်လှေပေါ်မှာတင် ပုံ၁၀၀ ကျော်သွားတယ် ဟိဟိ) ဒါအပြင် တောထဲမှာရှိတဲ့ အရောင်အသွေးစုံတဲ့ ဌက်တွေလဲတွေ့ရသေးတယ် ဒီလိုနဲ့ စက်လှေစီးပြီးတော့ ရေတံခွန် သို့ ရောက်ခဲ့ပါတယ်။ ရေတံခွန်ရောက်ဖို့ ၁၀မိနစ်လောက် လမ်းလျှောက်ခဲ့ရတယ်။

ဟော ရောက်ပါပြီခင်မျာ ပေ၂၅ပေလောက်က တ‌ေ၀ါ‌ေ၀ါကျနေတဲ့ ရေတံခွန်ရယ် ဘေးပတ်ပတ်လည်က စိမ်းစိုနေတဲ့ သစ်ပင်တွေရယ်က စိတ်ကိုလန်းဆန်းစေပါတယ်။ ကျနော်လဲ ဓါတ်ပုံလေးဘာလေးရိုက် ရေအေးအေးလေးထဲမှာဆင်းကူးလိုက်နဲ့ (ရေကတော်တော်အေး တော်တော်နက်တယ် ၁၅ပေလောက် ရှိတယ်‌ပြောတယ်)သာယာနေတာပေါ့ဗျာ…။ ၁၂လောက်ကျတော့ နေ့လည်စာအတွက် အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ကျနော်တို့လဲနေ့လည်စာစားခဲ့ကျတယ် နေ့လည်စာကလဲ တောဓလေ့ ဖက်ရွက်လေးနဲ့ထုပ်ပေးထားတာနော်။ ကျနော်အကြိုက်ဆုံးကတော့ ငရုတ်သီးထောင်းပဲဗျာ့ ငရုတ်သီးစိမ်းကို ထောင်းပြီးဆီလေးနဲ့ နှပ်ထားတာ။ ကျတော်တောင်အခုပြောရင်း သွားရေယိုနေပြီ ပြန်သတိရသွားလို့။ guide လုပ်ပေးတဲ့ အကိုတွေပြောတာတော့ လာသမျှဧည့်သည်နီးပါတိုင်း အဲ့ငရုတ်သီးကိုကြိုက်ကြတယ်တဲ့။သူတို့ပြောတာက ငရုတ်သီးထောင်းတောင်မဟုတ်ဘူး နေ့လည်စာရဲ့ highlight တဲ့။ နာမည်နဲ့လည်းလိုက်ပါပေ့ဗျာ။

ပြီးတော့ သူတို့က သဘာဝပတ်ဝန်းကျင်ကို အရမ်းဂရုစိုက်တယ်ဗျ။ သူများတွေလို အပြောဘဲမဟုတ်ဘူးဗျ။ ကျတော်တို့ ရေတံခွန်ကိုရောက်ပြီဆိုတာနဲ့ အမှိုက်အိတ်လာချပေးတယ်။ပြီးတော့ အကိုတို့ အမတို့ အမှိုက်ပစ်ချင်ရင် ဒီအိတ်လေးထဲပစ်ပေးပါဆိုပြီး သေချာလေးကို လာပြောပေးတယ်ဗျ။ ပြီးတော့ သူတို့ကိုယ်တိုင်ကလည်း အမှိုက်ကို ဘယ်နားတွေ့တွေ့ကောက်ပြီး အမှိုက်အိတ်ထဲချက်ချင်းထည့်တယ်။ နေ့လည်စာစားပြီး ပြန်ခါနီးကျတော့လည်း အမှိုက်တွေကို သေသေချာချာကို တစမကျန်အောင် ပြန်ကောက်နေတာဗျ။ သူတို့ပြောတာက သူတို့က ဒီနေရာလေးကို ဒီတိုင်းလေးဘဲ အမြဲရှိစေချင်တယ်တဲ့။ ပြီးတော့ ဒီရေတံခွန်ကို ခရီးတွေခဏခဏစီစဉ်ပေမယ့် လာသမျှလူတိုင်းက သူတို့ကပထမဆုံးရောက်ဖူးတဲ့ပုံစံမျိုးခံစားရအောင်တဲ့။ တကယ်လည်းဟုတ်တယ်ဗျ။ ကျတော်ရောက်ခါစက ကိုယ်ကပထမဆုံးရောက်ဖူးတဲ့သူလိုကိုခံစားရတာ။ ဒီနေရာကို လူလာဖူးတယ်လို့ ထင်စရာဘာခြေရာလက်ရာမှမရှိဘူး။ အဲ့လောက်ထိကို သူတို့သဘာဝကိုထိန်းသိမ်းကြတယ်။

ဒါ့အပြင် Trekking သွားတော့လည်း ခြေထောက်ကိုဘယ်လိုထားရမယ် ဒီအောက်ကိုဘယ်လိုဆင်းရမယ် အဲ့လိုမျိုး သေးသေးမွှားမွှားလေးတွေကအစ လိုက်ဂရုစိုက်တယ်ဗျ။ အပြန်ခရီးမှာတော့နေနည်းနည်းပူတော့ ဦးထုပ်တွေ နေကာမျက်မှန်တွေတော့လိုမယ်ဗျ။ sun block cream ယူသွားဖို့ကတော့ ပြောစရာကိုမလိုဘူးထင်ပါတယ်။ အပြန်တနာရီလောက်စက်လှေစီးပီးတော့ အလာတုန်းက လှေဆိပ်ကိုပြန်ရောက်၊ အဲမှာခဏလောက်အနားယူ အမောဖြေ၊ပြီးတော့ ကားပေါ်ပြန်တက်ပြီး ရန်ကုန်ကိုပြန်လာခဲ့ကြတယ်။ ခရီးစဉ်ကတော့ ဒါဘဲဆိုပေမယ့် အမှတ်ရစရာတွေအများကြီး ၊သင်ယူစရာတွေလည်းရခဲ့ပါတယ်။ဖော်ရွေတဲ့ Guide တွေကြောင့်လည်း စိတ်ချမ်းသာရတယ်။ အကုန်လုံးခြုံငုံလိုက်ရင် အဲ့နေ့တနေ့တာလေးကတကယ့်ကို ပေးရတာနဲ့တန်တဲ့ခရီးစဉ်လေးတခါပါဘဲ။
ကျနော် ဘ၀မှာ အခုလောက်ထိ စာအရှည်ကြီး မရေးခဲ့ဘူးပါဘူး အခုလို ရေးတယ်ဆိုတာကလဲ ကျနော့်အတွေ့အကြုံကို ‌‌ေ၀မျှချင်ရုံသပ်သပ်ပါ
အခုလိုမျိုး ကျနော်ရဲ့ မရေးတက်ရေးတက်နဲ့ ရေးထားတဲ့ စာကို အဆုံးထိဖတ်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ် ခင်မျာ အားလုံးပဲ ကျန်းကျန်းမာမာနှင့် ဘ၀ရဲ့ နေ့ရက်တိုင်းကို ချစ်ခင်ရတဲ့သူတွေနဲ့ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Crd : sayar kyaw

Leave a Reply

Your email address will not be published. Required fields are marked *