အိမ်ထဲမှာနေရတဲ့အချိန်တွေအရမ်းကြာမြင့်ခဲ့ရပါတယ် ခရီးသွားရတာကို တောင်းတခဲ့တာအချိန်တစ်ခုရှိနေပါပြီ။ ပုံမှန်ခရီးသွားနေကျဖြစ်တဲ့သူတွေအတွက်ဆို ၃လလောက် ဘယ်မှမသွားရရင် နေမကောင်းချင်သလို အစားမစားချင်သလိုဖြစ်နေတော့တာပဲ။ အိမ်နဲ့ အလုပ်နဲ့ G&G လောက်သာ အများဆုံးသွားဖြစ်နေတော့ တော်တော်ကိုပျင်းစရာကောင်းတာပါ။ အဲ့လိုအချိန်မှာ တိုက်ဆိုင်တာလား ကံကောင်းတာလား မသိလောက်အောင် Back To Nature Myanmar က စီစဉ်တဲ့ ရန်ကုန်နဲ့ အနီးအနား ခရီးတွေကို Facebook Page မှာတွေ့လိုက်ရတော့ အတိုင်းမသိ ဝမ်းသာမိခဲ့ပါတယ်။
တစ်ခုတော့ စိတ်ပူမိပါတယ် ကျန်းမာရေးအတွက် စိတ်ချရပါ့မလားလို့ ဒါပေမယ့် အရင်ဆုံး ပိုစ့်ကိုဖတ်လိုက်တော့ ၁၄ယောက်စီးကားကို ၆ယောက်နှင့် စီစဉ်ထားတယ်ဆိုတော့ စိတ်သက်သာရာရခဲ့တယ် ပြီးရင် ကားကိုလဲ ခရီးမစခင်ဆေးဖြန်းပေးတာတို့ လူများတဲ့နေရာကိုမဟုတ်ပဲ အရမ်းတိတ်ဆိတ်တဲ့ သစ်ပင်တွေစိမ်းစိုနေသော တောထဲသွားမှာဆိုတော့ အရမ်းကိုစိတ်သက်သာရာရခဲ့ပြီး လိုက်ချင်စိတ် တစ်ဖွားဖွား ဖြစ်ပေါ်ပြီး Back To Nature Myanmar ကို ချက်ချင်းဖုန်းဆက်၍ ခရီးစဉ်အသေးစိပ်ကို စုံးစမ်းလိုက်ပါသည်။ ဖုန်းဆက်တဲ့အချိန်ကလဲ ပိုစ့်ကိုဖတ်မိပြီး အရမ်းစိတ်ဝင်စား၍သာ ဆက်လိုက်တာ အချိန်က ည ၉နာရီ ထိုးတော့မယ် အလိုက်ကန်းဆိုးမသိဘူးလားလို့ပြောလဲခံရအုန်းမှာပဲ ဒါပေမယ့် တကယ်တန်းဖုန်းဆက်လိုက်တော့ အထင်ကြီးစရာ Customer Service နှင့် ကြုံခဲ့ရပါတယ် စိတ်ရှည်စွာဖြေပေးတယ် သိချင်တာကို သေချာရှင်းပြပေးတယ် စျေးနှုန်းများတယ်လို့ပြောတော့လဲ ဘာလို့များရတယ်ဆိုတဲ့အကြောင်း ပြီးတော့ အခုလို အခြေအနေမှာ ခရီးစဉ်ကို လူအနည်းစုသာ စီစဉ်ရတဲ့အတွက်ဆိုတဲ့ အကြောင်းကို သေချာရှင်းပြခဲ့ပါတယ်။
နဂိုထဲက ခရီးဆိုထွက်ချင်နေတဲ့သူဖြစ်တဲ့အတွက် စျေးနှုန်းကို မကြည့်ပဲ ခရီးလိုက်ဖြစ်ခဲ့ပါတယ်။ ခရီးထွက်ဖြစ်တော့လဲ မနက် ၆ခွဲစထွက်မယ်လို့ပြောထားတဲ့အတိုင်း အချိန်အတိအကျနှင့် ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ကျန်းမာရေးနှင့်ညီညွတ်တဲ့ လမ်းလျှောက်ရတာတွေ စိမ်းစိုနေတဲ့ သစ်ပင်တွေ ကျေးဌက်သံတွေ ပြီးတော့ ဓါတ်ပုံလှလှလေးတွေရိုက်ရတဲ့အတွက် ခရီးစဉ်မှာ ပျော်ရွင်စရာကောင်းခဲ့ပါတယ်။
အော်ဂင်နစ် ခြံထဲ၀င်လည်ရတာလဲ သဘောကျခဲ့ပါတယ် ပြီးတော့ ထမင်းစားချိန်ကျရောက်တော့လဲ လမ်းလျှောက်ရတာ အစာတွေကျေကုန်လို့လားမသိဘူး ထမင်း ၃ပန်းကန်တောင် စားပစ်ခဲ့တယ်။ နောက်မှ ပြန်စဉ်းစားမိတာ လမ်းလျှောက် တော့ ကျန်းမာရေးကောင်းတယ် အစားအသောက်ဆိုလဲ အရင်က အထိုင်များလို့လားမသိဘူး သိပ်မစားဖြစ်ဘူး အခု ခရီးကျမှပဲ အမုန်းဆွဲဖြစ်တော့တယ်။ ဆုံးဖြတ်ချက် တစ်ခု အပြီးချလိုက်ပါတယ် နောက်ဆို မကြာမကြာ Trekking သွားမယ်ဆိုပြီးတော့ပေါ့။ Back To Nature Myanmar Team ကိုလဲ ကျေးဇူးတင်ပါတယ် အရမ်းကောင်းတဲ့ Customer Service နှင့် စိတ်ရှည်ရှည် လမ်းပြပေးတဲ့ Guides ၊ သဘာ၀ကိုချစ်တက်အောင် အမှိုက်တွေမပစ်အောင် ပလက်စတစ်တွေ လျော့ချ အောင် အသိပညာ မျှဝေပေးတဲ့အတွက် နောက်ဆို Back To Nature Myanmar နဲ့ ခရီးတွေ အမြဲလိုက်ပါ့မယ်လို့ပြောရင်း နဂုံးချုပ်လိုက်ပါရစေနော်။