The “Indoor generation” the biggest risk keeping kids indoors

Indoor Generation

တစ်နေ့ ကျတော်အမေနဲ့စကားပြောဖြစ်ရင်း အမေကသူ့ငယ်ဘ၀အကြောင်းဆီ စကားလမ်းကြောင်းဉီးတည်သွားတယ်။အမေက သူ့ငယ်ဘ၀မှာ ဘယ်လိုတွေဖြတ်သန်းခဲ့ရတယ်ဆိုတာ ပြောပြတယ်။အဲ့ထဲက အမေ‌ပြောပြတဲ့ သူကလေးဘ၀က သူ့သူငယ်ချင်းတွေနဲ့ ဘယ်လိုဆော့ခဲ့တာ ဘာကစားနည်းတွေကစားခဲ့တာလို့ ပြောတဲံချိန်မှာ ကျတော့ခေါင်းထဲမှာ အတွေးတခု၀င်လာခဲ့တယ်။အဲ့တာကတော့ကျတော့ကလေးဘ၀ အကြောင်းပါ၊၊ ပြန်စဉ်းစားမိတော့ ကျတော်ငယ်ငယ်က ကလေးဘ၀အကြောင်း သတိရမိတယ်။ဒါပေမယ့် အမေပြောပြတဲ့ သူ့ငယ်ဘ၀လောက် ပျော်စရာမကောင်းခဲ့တာကတော့ အမှန်ပါဘဲ။ဘာလို့လဲဆိုပြီး ပြန်စဉ်းစားတော့ ကျတော်တို့ငယ်ဘ၀မှာ Game ဆိုင်တွေပေါ်လာတယ်။တီဗီတွေ ခေတ်စားလာတယ်။အဲ့မှာဘဲ ကျတော့အချိန်အတော်များများ ကုန်ဖြစ်ခဲ့တယ်။တခြားကလေးတွေလို ပြေးလွှားဆော့ကစားတာနည်းခဲ့တယ်။ အိမ်တွင်းအောင်းနေခဲ့တဲ့ အချိန်ကများတယ်ဆိုပါတော့။ ကျတော်ဟာ အဲ့အချိန်ကတခြားကလေးတွေလောက်မသန်မာခဲ့သလို ခဏခဏလည်း ဆေးခန်းတွေသွားပြရလို့ အမေကနင်ငယ်ငယ်က အတော် ချူချာတာလို့ အမြဲပြောလေ့ရှိတယ်။ တခြားကလေးတွေ မိုး‌ရေထဲပြေးလွှားဆော့ကစားနေတဲ့ချိန် ကျတော့မှာ ဖျားမှာစိုးလို့ မိုးအစိုမခံဘဲနေပေမယ့် မိုးရေထဲဆော့နေတဲ့ ကလေးတွေက ဘာမှမဖြစ်ဘဲ ကျတော်သာ တလ တခါလောက်နေမကောင်းဖြစ်ခဲ့တယ်၊၊

ပြန်စဉ်းစားမိတော့ ကျတော့မိဘတွေ ဖျားမယ်နော်၊ အပူရှက်မယ်နော်ဆိုပြီးပြောခဲ့တာတွေက သက်သက်အစိုးရိမ်လွန်ခဲ့တာများလားပေါ့။ ဒါကတော့ကျတော့ငယ်ဘ၀ပေါ့။ အခုခေတ်ကလေးတွေ ကြည့်လိုက်တော့ ကျတော်ပိုပြီး အံ့သြရတယ်။ဘာလို့ဆို သူတို့လေးတွေရဲ့ ဘ၀က ပုံစံခွက်ထဲက ဘ၀လို ဖြစ်နေခဲ့တယ်။ မိဘတွေရဲ့ လွန်ကဲတဲ့ အစိုးရိမ်လွန်မှူတွေက ကျတော်တို့ ခေတ်ကထက် ပိုဆိုးနေတာကိုတွေ့ရတယ်။ ၅နှစ်အရွယ် ကလေးတယောက်ရဲ့ Duty က ကျတော့လက်ရှိ Duty ထက်တောင်များနေသေးတယ်။ ဒါကလေးအတွက် မကောင်းဘူးပြောတာမဟုတ်ပါဘူး။ သူတို့အနာဂတ်ပညာရေး အတွက်အရမ်းကောင်းပါတယ်။ ဒါပေမယ့် အဲ့ကလေးတွေရဲ့ တာ၀န်တွေထဲမှာ လေ့ကျင့်ခန်းလုပ်ဖို့တွေ သဘာ၀နဲထိတွေ့ဖို့တွေ အတွက်အချိန်အင်မတန်နည်းပါတယ်။ အဲ့တော့ကလေးတွေရဲ့ ကျန်းမာရေးအပိုင်းမှာ လစ်ဟာမှူတွေ ဖြစ်လာပြီး နေမကောင်းတာမျိုးတွေ၊ ရောဂါပိုးတွေ၀င်လာတဲ့အခါမှာ Immune  Systemက မတိုက်ထုတ်နိုင်တော့တဲ့အတွက် ရောဂါလွယ်လွယ်ရတာမျိုးတွေ ဖြစ်လာတာပါဘဲ။ သုတေသနပြုချက်တွေအရဆို ဒီနေ့ခေတ်ကျတော်တို့မျိုးဆက်မှာ လူတ‌ယောက်ဟာ သူ့ဘ၀ရဲ့ ၉၅ ရာခိုင်နှုန်းကို အလင်းရောင်နဲ့လေကောင်းလေသန့်မရတဲ့ အခန်းထဲမှာဘဲ ကုန်ဆုံးနေရတယ်လို့ ဖော်ပြထားတယ်။ ဒီထဲမှာ ကျတော်တို့ မျိုးဆက်သစ်တွေ အဓိကပါ၀င်နေပါတယ်။ဒီလိုနေခြင်းက ကျတော်တို့အတွက် ဘယ်လို အကျိုးသက်ရောက်မှူ တွေရှိမယ်ဆိုတာ အမှုမဲ့အမှတ်မဲ့နေကြတာများပါတယ်။

Scientist တွေကတော့ ဒါဟာ ကျတော်တို့ကျန်းမာရေးအတွက် တော်တော်လေးကိုကြောက်ဖို့ကောင်းအောင် အန္တရယ်များတယ်လို့ ထောက်ပြထားတယ်။ အိမ်ထဲမှာရှိတဲ့လေထုက အပြင်မှာ ရှိတဲ့လေထုထက် ၅ဆ ပိုပြီးလေထုညစ်ညမ်းမှုရှိတယ်လို့လည်း ဖော်ပြထားတယ်။ပြောချင်တာကတော့ ကျတော်တို့ဟာ အိမ်မှာနေရင်း ရောဂါရနေတယ်ဆိုတာပါဘဲ။ ကလေးတွေက ကျတော်တို့ထက်ပိုပြီးတော့ ဒါကိုခံစားနေရမှာအမှန်ပါပဲ ကလေးတွေရဲ့ အိပ်ခန်းတွေဟာ မကြာခဏဆိုသလို တအိမ်လုံးမှာ လေထုမသန့်ရှင်းတဲ့နေရာ ဖြစ်နေတတ်ပါတယ်။ လေထုမသန့်ရှင်းတဲ့ အခန်းမှာနေခြင်းက ပန်းနာရင်ကြပ်လိုမျိုး အသက်ရှူ လမ်းကြောင်းဆိုင်ရာ‌ရောဂါမျိူးတွေ အလွယ်တကူ ဖြစ်စေပါတယ်။ အလင်းရောင် ကောင်းစွာမရတဲ့ အခန်းထဲမှာ နေခြင်းက ပုံမှန်ထက် ၁၅ ရာခိုင်နှုန်းခန့်ပိုပြီး ၀မ်းနည်းခြင်းကို ခံစားရစေပါတယ်။ ကလေးတွေကို အိမ်ထဲမှာဘဲ ထားထားခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကလည်းရှိနေပါသေးတယ်။ဒါကတော့ မိဘတွေတော်တော်များများက ကလေးတွေကို ငြိမ်နေရင် ပီးရောဆိုပြီးသူတို့ကို ဖုန်းတွေ ပေးထားတတ်ပါတယ်။ သူတို့အနေနဲ့ ဖုန်းနဲ့အချိန်ကြာကြာ game ကစားခြင်းကနေ ဒေါသတွေ ထွက်လာတာမျိူးတွေ၊ game ထဲမှာရှုံးနေတဲ့ချိန် တယောက်ယောက်က စကားသွားပြောရင်၊ တစ်ခုခုခိုင်းလိုက်ရင် ဒေါသထွက်တာမျိူးတွေ ဖြစ်လာပြီးမိသားစုနဲ့ အဆင်မပြေတာမျိူးတွေ ဖြစ်လာတတ်ပါတယ်။ ပြီးတော့ အဲ့လိုမျိူးဖုန်းသုံးနေတဲ့ချိန်မှာ ကျန်းမာရေးနဲ့ မညီတဲ့ snack တွေကိုဘဲ အဓိကစားဖြစ်တာကြောင့် ကျန်းမာရေးထိခိုက်တာတွေ ရှိလာမယ်။ကိုယ်လက်လှုပ်ရှားမှုနည်းတာကြောင့် ကူးစက်ရောဂါမဟုတ်တဲ့ ဆီးချိူသွေးချို၊ကင်ဆာရောဂါနှင့် စိတ်ကျန်းမာရေးပါထိခိုက်နိုင်လာတယ်လို့ သုတေသန ဖော်ပြချက်တွေထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ယခုလို covid ကာလမှာ အိမ်မှာနေတာရတာမျိုး၊ မလုပ်မဖြစ်နေရတာမျိုးအခြေအနေမို့ အိမ်မှာဘဲနေတာဆိုတာမျိုးကတော့ အကြောင်းပြချက်ကောင်းတခုတော့မဟုတ်ပါဘူး။ အိမ်မှာနေရင်းမိမိက‌လေးတွေကို ဘယ်လိုမျိုး ရုပ်ပိုင်းဆိုင်ရာသန်မာအောင်လုပ်မယ်။ လေကောင်းလေသန့်ရနိုင်တဲ့ ပတ်၀န်းကျင်တခုဖန်တီးပေးမယ်ဆိုတာမျိုးကမှ မိဘတွေတကယ် စဉ်းစားရမယ့်အချက်ပါ။ ဒီအတွက် နည်းလမ်းတွေက ရှိပြီးသားပါ ကလေးတွေကို develop ဖြစ်အောင်မိဘတွေ့ရဲ့ သွန်သင်မှူကလည်း အင်မတန်မှ အရေးကြီးပါတယ်။မိဘတွေအနေနဲ့ကလေးတွေကို အိမ်မှာနေရင်း ဒီအချက်တွေကို လုပ်ဆောင်ပေးမယ်ဆို သူတို့လေးတွေရဲ့ စွမ်းဆောင်ရည်တွေဟာလည်း တိုးတက်လာမှာပါ။

(၁)ဉယျာဉ်စိုက်ခြင်း

ဒီတချက်ကနေ  ကလေးတွေ အကြောင်းအရာ တော်တ်ောများများကို သင်ယူနိုင်ပါလိမ့်မယ်။ ကျတော်တို့ဆီကမိဘတွေအနေနဲ့က ဒီအချက်ကိုနည်းနည်းလေးထူးဆန်းနေပါလိမ့်မယ်။ရွံ့တွေပေမယ် ညစ်ပတ်မယ် ရောဂါပိုးတွေရမယ် စသဖြင့်စိုးရိမ်မှုတွေရှိနေတတ်ကြပါတယ်။တကယ်ကလုံး၀ လွဲနေတဲ့အချက်ပါ။ ဒီလိုဉယျာဉ်စိုက်ခြင်းကနေ ကလေးတွေအတွက်ရလာနိုင်တဲ့ အကျိူးကျေးဇူးတွေကတော့ သူတို့လေးတွေ ရွံ့တွေကိုင် မြေကြီးတွေကိုင်ရင်း အထိအတွေ့ခံစားမှုတွေရလာမယ်။ အပင်တွေစိုက်ရင်း အပင်တွေရဲ့ အနံ့အသက်တွေသိလာပြီး အနံ့ခံအာရုံတွေ ပိုကောင်းလာမယ်။ ဒါ့အပြင်တခြားအမြင်အာရုံတွေ၊ အကြားအာရုံတွေ၊ အရသာအာရုံခံအင်္ဂါတွေလည်း ပိုကောင်းမွန်လာစေမှာပါ။ ကျန်းမာ‌‌ရေးနဲ့ညီတဲ့ အစားအစာတွေအကြောင်းပိုသိလာခြင်းအားဖြင့် အသီးအနှံတွေကို ပိုစားဖြစ်လာပြီး ကျန်းမာတဲ့စားသောက်မှုပုံစံတခုကို ရရှိလာမှာဘဲဖြစ်ပါတယ်။နောက်ပြီးသူတို့အနေနဲ့ သူတို့စားသုံးနေတဲ့အစားအစာတွေ ဘယ်လိုရတယ်၊ ဘယ်ကလာတယ်ဆိုတာ သိရှိလာပြီး အစားအစာတန်ဖိုးကို ပိုမိုနားလည်လာမှာ ဖြစ်ပါတယ်။ ကလေးတွေအတွက်အကောင်းဆုံရရှိမှာကတော့ အပင်စိုက်ခြင်းအားဖြင့် တကယ့်တာ၀န်ယူမှုဆိုတာဘာလဲ သိလာမှာဖြစ်ပါတယ်။ အပင်ကြီးထွားဖို့ဘယ်လောက် ဂရုစိုက်ရတယ် ၊အဲ့လိုဂရုစိုက်မှ အပင်ဟာရှင်သန်လာမယ်၊ ဒီလိုရှင်သန်လာဖို့ ဘယ်လောက်တာ၀န်ယူရတယ်ဆိုတာ ကလေးတွေနားလည်သဘောပေါက်လာပြီး တာ၀န်ယူတတ်တဲ့အကျင့်ကောင်းတွေ ရရှိလာမှာလဲဖြစ်ပါတယ်။ နောက်တချက်အနေနဲ့ အပင်စိုက်ခြင်းအားဖြင့် အစေ့ကနေ အသီးသီးဖို့ ဘယ်လောက်စောင့်ရတယ်ဆိုတာ သိလာပြီး အပင်တပင်ရဲ့တန်ဖိုးကို သိလာမယ်။အသီးသီးလာမယ့်အချိန်ကို စောင့်နေရခြင်းအားဖြင့် သူတို့လေးတွေရဲ့ စိတ်ရှည်မှု၊သည်းခံနိုင်မှုတွေ တိုးတတ်လာမှာပါ။

(၂)ပန်းချီဆွဲခြင်း ဒီအချက်ကတော့ သင့်ကလေးတွေအနေနဲ့ သူတို့ စိတ်ကူးစိတ်သန်းတွေကို ဖော်ပြနိုင်ဖို့အကောင်းဆုံးနည်းလမ်းလည်းဖြစ်ပါတယ်။ဒီလိုမျိူးပန်းချီဆွဲတာကို နေ့တိုင်းလုပ်ပေးမယ်ဆိုရင် မကြာခင်သင့်ကလေးရဲ့ စိတ်ကူးစိတ်သန်းတွေ အားကောင်းလာတာကိုတွေ့ရမှာဘဲဖြစ်ပါတယ်။

(၃)ဓါတ်ပုံအယ်ဘမ်များအတူကြည့်ခြင်း သင့်ကလေးကို သူနဲ့အတူရိုက်ထားတဲ့ ဓါတ်ပုံဟောင်းတွေကို ပြန်ပြပြီး အဲ့တုန်းက အကြောင်းအရာလေးတွေကို ပြန်ပြောပြပါ။ဒီလိုလုပ်ခြင်းက သင့်ကလေးအတွက်မိသားစုအပေါ်ချစ်ခင်စိတ်ပိုလာပြီး မိသားစုချင်းရင်းနှီးချစ်ခင်မှိုပိုရစေမှာဖြစ်ပါတယ်။

ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ မိမိကိုယ်တိုင်နှင့်မိမိ ကလေးတွေကို အိမ်ထဲမှာအကြာကြီးနေခိုင်းတာမျိုးတွေကို အသေအချာပြန်စဉ်းစားသင့်နေပါပြီ။တဉီးတယောက်ချင်းကနေ စပြီးကျတော်တို့အိမ်ဟာ ကျတော်တို့နေထိုင်ဖို့ ကျန်းမာရေးနဲ့ သင့်တော်တဲ့နေရာတခုဖြစ်တယ်ဆိုတာနဲ့ကျွန်တော်တို့ကလေးတွေ ကြီးပြင်းဖို့ကောင်းမွန်တဲ့ပတ်၀န်းတခုဖြစ်တယ်ဆိုတာ သေချာအောင်လုပ်ဖို့လိုနေပြီဘဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *